ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီက ထိုင်းနဲ့ ကမ္ဘောဒီးယားပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းရေး အကြမ်းဖက် ဇော်မင်းထွန်းကပြောပါတယ်။ ယမန်နေ့ သတင်းမီဒီယာတွေကို ပေးပို့လိုက်တဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့အသံဖိုင်မှာ ၎င်းက အထက်ပါအတိုင်း ပြောဆိုလာတာဖြစ်ပါတယ်။
- မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို တော်လှန်တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာ ဒု-ဗျူဟာမှူးလို့ ယူဆရတဲ့ ဖြိုးကျော် ရုပ်အလောင်းအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးအလောင်းတွေ ထပ်မံသိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။
- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကျောက်ခဲချောင်း ကားလမ်းခွဲမှာ လမ်းဘေးဈေးသည်တွေကို အကြမ်းဖက် စစ်တပ်က လိုက်လံဖမ်းဆီးရာ ပြည်သူ ၆ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသူတွေရဲ့ နေအိမ်တွေကိုလည်း လိုက်လံမီးရှို့နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
