ရန်ကုန်၊ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် ကင်းပုန်းဝပ်ရင် ထွက်လာသော အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အလောင်းများ၊ သေနတ် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Brave Heart Army-BHA မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီး၊ မုံရွာ-မန္တလေးမ်းပေါ်သို့ ဆိုင်ကယ် ၂ စီးဖြင့် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံကြောင်း၊ သိရှိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦး၏ အလောင်းများနှင့်အတူ ဆိုင်ကယ် ၂ စီး၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံး၊ ၅.၅၆ ကျည် ၄၀၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်အတွင်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Heart Army – BHA အဖွဲ့သားများနှင့် ချောင်းဦးမြို့နယ် ပကဖ အမှတ် ၁ တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ် တို့က ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



