ရန်ကုန်၊ ဇူလိုင် ၂၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒူရကစစ်ကြောင်းနှင့် Launglone Peninsula Force – LPF မှ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ထားဝယ်မြို့နယ်၊ ဇဟာရွာဖက်မှ ဘုရားမဲ စစ်ကောင်စီ စစ် ဆေးရေးဂိတ်ဖက်သို့ ကျောက်တင်ကား ၃ စီး၊ အင်းအား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာ သော စစ်ကောင်စီတပ်သားများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ကလည်း ထားဝယ်မြို့နယ်၊ ဇီးကျကျေးရွာ ဘက်မှ ညင်း ထွေး ကျေးရွာသို့ ဖြတ်လာသော သံပြားကာပွိုင့်ကား ၁ စီးနှင့် အိမ်စီးကား ၃ စီးအား ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် -DNLA ၏ဒူရကစစ်ကြောင်း၊ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF ၊ ကျားသစ်နက်(ဣားသစ်နက်)၊ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DFRF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်၊ နေ့လည် ၁၁ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်တွင် ကျောက်ဆိပ်ကုန်းရွာ ဘက်မှ မောင်မယ်ရှောင်ကျေးရွာ ဖက်သို့ ရှင်ဓာတ်ဝဲဘုရားလမ်းအတိုင်း ဆင်းလာသော အင်းအား ၇၀ ဝန်း ကျင်ပါ စစ်ကြောင်းအား၎င်း၊ သံပြားကာပွိုင့် ၅ ကား ၂ စီးနှင့် အင်းအား ၁၀၀ ပါ စစ်ကူစစ် ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၆ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“နောက်ဆက်တွဲသတင်းကတော့ စုံစမ်းနေတုန်းပါ၊ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတော့ အဆက် အသွယ်မရသေးပါဘူး။ တိုက်ပွဲက ၃ ရက်ဆက်တိုက်ဖြစ်ခဲ့ပေမယ့် ကျနော်တို့အဖွဲ့အနေနဲ့က ၂၃ ရက်နေ့ မောင်မယ်ရှောင်ကျေးရွာ တိုက်ပွဲမှာပဲ ပါပါတယ်၊ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တိုက်ပွဲတွေမှာ မပါဘူး။ လက်ရှိ စခ စစ်ကြောင်းက ညင်းထွေးရောက်နေတယ်လို့ ကြားပါတယ်၊ ကျနော်တို့ဘက်က ရဲဘော် တွေအားလုံးဘေးကင်းပါတယ်” ဟု Launglone Peninsula Force – L P F မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက် ခိုက်မှုအား ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ် ကြောင်း၊ ရေဖြူပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ကျားသစ်နက် (က္ကားသစ်နက်)၊ ဘီလုံး ပြောက် ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DFRF)၊ ဧဒင်မှူးပြောက်ကြား တပ်ဖွဲ့၊ ဒေါနတပ်ရင်း၊ချေမှုန်းရေးတပ်ခွဲ ၇ -LPF တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။
ပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့် ဆောင် ရွက်နေသည့် အချိန်ဖြစ်သော ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွား လာနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင် သော ကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက် နာကျင့်ကြံ နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဆက်လက်တိုက်တွန်းဖိတ်ခေါ်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
