ရန်ကုန်၊ ဇူလိုင် ၂၄
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ တင်းမာမှုတွေနဲ့ စပ်လျဉ်းပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပေါ်ထုတ်ပြန်ချက် အနေနဲ့ ထုတ်ပြန်ခဲ့တာပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်နိုင်ငံရှိ အရပ်သား ပြည်သူတွေကို ထိခိုက်မှုများရှိလာတာကြောင့် နှစ်နိုင်ငံအရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရကအထူးစိုးရိမ်မိတယ်လို့ ဆိုပါတယ်။
လက်ရှိ နှစ်နိုင်ငံက စစ်ရေးအခြေအနေတင်းမာနေတဲ့ ဒေသရောက်ရှိနေသူ၊ ခရီးသွားလာနေသူ၊ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတွေ အနေနဲ့ လုံခြုံရေး ဂရုစိုက်ဖို့ နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ရဲ့ သတိပေးချက်ကိုလိုက်နာဖို့ NUG တိုက်တွန်းထားပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာပြည်သူတွေ လုပ်ငန်းခွင်ရောက် မြန်မာနိုင်ငံသားတွေ ဂရုတစိုက် သတိပြုနေထိုင်ကြဖို့နဲ့ ပဋိပက္ခကို ပိုမိုတင်းမာစေမယ့် ပြောဆိုရေးသားမှုလူမှုကွန်ရက်မှာ မျှဝေတာတွေ ဆင်ခြင်ကြဖို့ အထူးတိုက်တွန်းတယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ထိုင်းစစ်တပ်က ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်နှင့် ကမ္ဘောဒီးယားက ထိုင်းကို ဒုံးကျည်ဖြင့်ပစ်ခတ်စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



