27.8 C
Yangon

အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံများက ၄ လတာအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ၃၇၀ ကျူးလွန်

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံများက ၄ လတာအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်မှု ၃၇၀ ခုကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်ကော်စီနယ်မြေများတွင် လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာ ဖြစ်စဉ်ပေါင်း ၃၇၀ ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအထဲတွင် အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့များသည် ၃၀၄ ကြိမ်အထိ ကျူးလွန်ခဲ့ကြောင်း ပဥ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် မတ်လ ၁ ရက် နေမှ ဇွန်လ ၃၀ ရက်နေ့အထိ ၄ လတာအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများတွင် ပဥ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့က စောင့်ကြည့်မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကျူလွန်သည့် အကြိမ်ရေမှာ ၃၀၄ ကြိမ်၊ အခြားအမည်မသိအဖွဲ့များ၏ ကျူးလွန်မှု ၄၂ ကြိမ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ကျူးလွန်မှု ၃၂ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“စကစရဲ့ဒီ ကျူးလွန်မှုတွေ‌ကိုတော့ ကျွန်တော်တို့ မှတ်တမ်းတင်တာပဲ လုပ်နိုင်တယ်။ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဖို့ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ အနေအထားမျိုးပဲ ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိန်းကျောင်းနိုင်အောင် ကျွန်တော်တို့ NUG ဆို လူ့အခွင့်အရေးဝန်ကြီးဌာနတို့ ကာကွယ်ရေးဝန်ကြီးဌာနတို့တရားရေးဝန်ကြီးဌာနတို့ကို ကျွန်တော်တို့ ဒီစစ်တမ်းက ရရှိတဲ့အချက်အလက်တွေကို မိတ္တူပေးဖို့တာတွေ ရှိပါတယ်။ နောက်တစ်ချက်က ဒီပဋိပက္ခတွေကြောင့်မို့ ခံစားရတဲ့ ပြည်သူတွေကို ကုစားဖို့ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှု လုပ်ဆောင်နိုင်ဖို့ အကြံပြုတိုက်တွန်းတာတွေရှိပါတယ်။ တခြားအမည်မသိအဖွဲ့တွေ ကျူးလွန်မှုနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးမှုကို ထိပါးတာ ဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးတိုက်တွန်းတဲ့အနေအထားရှိပါတယ်။ဆက်လက်ပြီး ဒီအချက်အလက်တွေ ကောက်ယူသွားဖို့ ရှိပါတယ်” ဟု ပဥ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ် ၃၇၀ တွင် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဖြစ်စဉ်ပေါင်း ၃၁၃ ကြိမ်အထိဖြစ်ပွားခဲ့ကာ စစ်ရေးဆိုင်ရာ ပစ်မှတ်နှင့် ဆိုင်သော ဖြစ်စဉ် ၅၇ ကြိမ်သာ ရှိခဲ့ကြောင်း၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ ခရိုင် ၁၁ ခု ၊ မြို့နယ် ၃၇ ခုအထိ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ရာဇဝတ်မှုပေါင်း ၃၇၀ ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာဇဝတ်မှုများတွင် အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (ပါရာမိုတာ) နှင့် နင်းမိုင်းကြောင့် ဖြစ်ပွားမှုများ၊ မြို့ပြများ၌ မတရားစစ်မှုထမ်းဥပဒေသုံး၍ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း စသည့် ဖြစ်စဉ်များ၊ အကြမ်းဖက်စစ် အုပ်စု ထိန်းချုပ်ထားရာ ဒေသများ၌ တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအား သက်သေပြသည့် ဖြစ်စဉ်များအား စုစည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မှတ်တမ်းတင်ထားနိုင်သည့် ဖြစ်စဉ်ပေါင်း ၃၇၀ တွင် စစ်ကိုင်းတိုင်းအတွင်း၌ အကြိမ်ရေ ၁၈၇ ကြိမ်၊ ရန်ကုန်တိုင်း၌ ၇၃ ကြိမ်၊ မကွေး၌ ၂၇ ကြိမ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၌ ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက် အောက်ခံ အဖွဲ့အစည်းများသည် စစ်ကိုင်းတိုင်းအတွင်း ကျူးလွန်မှု အများဆုံးဖြစ်ပြီး အခြား၊ ၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေများတွင်ပါ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကာကွယ်ရေးတပ်ဖွဲ့များပါဝင်ပတ်သက်သည့် ဖြစ်စဉ်များမှာ စစ်ကိုင်းတိုင်းတွင် ၂၅ ကြိမ်၊ ရန်ကုန်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၂ ကြိမ်စီ နှင့် မကွေးတိုင်းတွင် ၃ ကြိမ်ပါဝင်ခဲ့ကြောင်း၊ အမည်မသိအဖွဲ့များကမူ ရန်ကုန်တိုင်းတွင် ၁၇ ကြိမ်၊ စစ်ကိုင်းတွင် ၁၆ ကြိမ်၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၆ ကြိမ်၊ မကွေးတွင် ၃ ကြိမ် ကျူးလွန်ခဲ့ကြောင်း ပဥ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်တပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article