ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီကို တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ လွှဲပြောင်းပေးနေတာတွေ ရပ်ဆိုင်းဖို့နဲ့ တရုတ်ပိုင် NORINCO ကုမ္ပဏီကို နိုင်ငံ တကာက အရေးယူဖို့ Justice For Myanmar က တောင်းဆို လိုက်ပါတယ်။
- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ဆက်နွယ်နေသူ ခရိုနီ စီးပွားရေးသမားတွေထဲက ခရိုနီစီးပွားရေးသမား လက်နက်ပွဲစားတွေဖြစ်တဲ့ ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နဲ့ တင်လတ်မင်းဆိုသူတို့ ၄ ဦးကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေး ယူထားမှုကနေ ဖယ်ရှားလိုက်တယ်လို့ ရိုက်တာသတင်းတစ်ရပ်အရ သိရပါတယ်။
- ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်က ၁၅ ဦးသေဆုံးထားသလို ထိုင်းပြည်သူ ၁ သိန်းကျော်လည်း စစ်ဘေးရှောင်နေရတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
