ရန်ကုန်၊ ဇူလိုင် ၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူးအရှေ့ရွာသို့ အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွှေး လက်နက်ကြီးထိမှန် သေဆုံး၍ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အသက် ၁၅ နှစ် အရွယ် နောင်ခင်နန်းမွှေးမှာ လက်နက်ကြီး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ ဘီးလင်းမြို့နယ် အလူးအရှေ့ရွာလေးကို လက်နက်ကြီးကျတယ်။ နော်ခင်နန်းမွှေး (ခ) မနိုးနိုး လက်နက်ကြီးစထိမှန်သေဆုံးတယ်။ ဒဏ်ရာရသူတယောက်လည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလူးအထပ်သား စက်ရုံရှေ့တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
