25.6 C
Yangon

မိုးကုတ်အခြေပြု လမ်းများတွင် မိုးအဆက်မပြတ်ရွာသွင်းခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးမှုများကြောင့် ၇ ရက် ယာယီပိတ်ပင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

မန္တလေးတိုင်း၊ မိုးကုတ်အခြေပြုလမ်းများတွင် မိုးအဆက်မပြတ်ရွာသွင်းခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးမှုများကြောင့် ၇ ရက်လမ်းအသုံးပြုမှုများကို ယာယီ ပိတ်ပင်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ဩဂုတ်လ ၅ ရက်နေ့အထိ မိုးကုတ်- ကျောက်မဲလမ်း၊ မိုးကုတ်-မိုးမိတ်လမ်း၊ မိုးကုတ်- စဉ့်ကူးလမ်း၊ မိုးကုတ်-သပိတ်ကျင်းလမ်း၊ ပြင်ဦးလွင်-အုမ္မတီး-အုမ္မခါး-မိုင်းလုံကားလမ်း၊ တကောင်း-တွင်းငယ်-မိုးမိတ် ကားလမ်း စုစုပေါင်း လမ်း ၆ ခုကို ၇ ရက်တာကာလ ယာယီပိတ်ပင်လိုက်ကြောင်း TNLA က ယနေ့ အမိန့်ထုတ်ပြန်သည်။

လက်ရှိ လမ်းတံတားများ ပျက်စီးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်ကြောပိတ်ဆို့မှု ရှင်း လင်းခြင်းနှင့် လမ်းတံတား ပြင်ဆင်ခြင်းလုပ်ငန်းများ လျင်မြန်စွာ ပြီးစီး ဆောင်ရွက်နိုင်ရန်အတွက် ကားလမ်းများကို ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အိမ်စီးကားများကိုမူ ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်လည် အသုံးပြုခွင့်ပြုမည်ဖြစ်သော်လည်း ကုန်တင်ယာဉ်နှင့် မော်တော်ယာဉ်ကြီးများကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ ကာလအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

“မိုးကုတ်ကနေ ကျောက်မဲလမ်းက ဘယ်လိုမှ သွားမရတော့ဘူး။ လယ်ထွန်စက်နဲ့ တောင် ကားဆွဲလို့မရတော့ဘူး။ ကျောက်တလုံး အတက် လွယ်မွန်း ရွာနဲ့ အောက်ညောင်ကုန်း နားမှာ လမ်းက ချောက်ထဲ အိကျနေပြီ။ မိုင်းလုံအကျော် အတက်​ကွေ့ရယ် ပန်ကွမ်ဖက်လမ်း၊ ပြင်ဦးလွင်ကနေ လယ်ကြီး တက်တဲ့လမ်းမှာ ချိုင့်အကြီးကြီးတွေ ဖြစ်နေတယ်။ တက်မရဘူး။ မိုးမိတ်နဲ့ မိုးကုတ်ကြားကတော့ မိုးရွာလို့တောင်ပြိုရင်း လမ်း လေးတွေ ကျဥ်းသွားလို့ ကားတွေ ၁ စီးနဲ့ ၁ စီး ရပ်စောင့်သွားရတယ်။ အဲဒီလမ်းတွေ သေချာပြုပြင်သင့်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article