27.1 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးရာထူးတွေကို တစ်ယောက်တည်းယူထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က အခုဇူလိုင်လ အကုန်မှာ ကာ/လုံအစည်းအဝေးခေါ်ယူပြီး နောက်ထပ် ၆ လ သက်တမ်းမတိုးတော့ဘဲ ရွေးကောက်ပွဲကျင်းပရေးအတွက် စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ကနေ ယာယီသမ္မတ မင်းအောင်လှိုင် ဆီကို နိုင်ငံတော်အာဏာ ပြန်လည်အပ်နှံမှာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဝင်းဆိုသူနဲ့ အဖွဲ့က လူငယ် တွေ ကို မူးယစ်ဆေးဝါးနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးပြီး စစ်မှုထမ်း လူအစားထိုး အရောင်း အဝယ်တွေ လုပ်နေကြပြီး ၊ ရပ်ကွက်ရုံးမှာ အချုပ်ခန်းပုံစံ လုပ်ပြီး လူငယ်တွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်းက စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်တွေက စစ်ဆင်ရေးအသွင်နဲ့ တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် စစ်တပ်ဘက်က ဗိုလ်ကြီး ကျော်စွာမျိုးထွဋ် အပါအဝင်ဒဏ်ရာရတဲ့သူတွေ များထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article