22 C
Yangon

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ ယနေ့ည သန်းခေါင်ယံအချိန်မှစတင်၍ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူ

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ ယနေ့ည သန်းခေါင်ယံအချိန်မှစတင်၍ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် ထိုင်းယာယီဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ မလေးရှားနိုင်ငံတွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကလည်း ဆွေးနွေးပွဲသို့ သက်သေများအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံစလုံးက ယနေ့ ည သန်းခေါင်ယံအချိန်မှစတင်၍ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲကြမည်ဖြစ်ပြီး နောက်ဆက်တွဲ နှစ်နိုင်ငံတပ်မတော်များ တွေ့ဆုံခြင်း၊ နယ်ခြားကော်မတီများ တွေ့ဆုံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ သူပိုင် ငါပိုင် အငြင်းပွားနေသော နယ်စပ်ဒေသမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်လာသည်အထိ နှစ်ဖက် ပိဋပိက္ခများဖြစ်ပွားခဲ့ပြီး ၅ ရက်မြောက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article