27.1 C
Yangon

ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

အကြမ်းဖက် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ယမန်နေ့ ပြဋ္ဌာန်းလိုက်သည်။

အကြမ်းဖက်စစ်တပ်က “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥ့ပဒေ” ဟု အမည်တပ်ထားသော ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေတွင် ရွေးကောက်ပွဲ လုံခြုံရေးကော်မတီများကို ဗဟိုအဆင့်မှ ပြည်နယ်/တိုင်း၊ မြို့နယ်များအထိ ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်ပါက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article