ရန်ကုန်၊ ဇူလိုင် ၃၀
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ဒေသစံတော်ချိန် ၈ နာရီ ၂၅ မိနစ်အချိန် ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ကမ်းရိုးတန်းမြို့ Petropavlovsk-Kamchatsky အရှေ့ဘက် ၁၃၆ ကီလိုမီတာ (၈၄ မိုင်) အကွာတွင် ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) က သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုအတွင်း ရုရှားနိုင်ငံ အရှေ့ဘက်စွန်းတွင် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံ ဆိပ်ကမ်းမြို့ Severo-Kurilsk တွင် ဆူနာမီလှိုင်းများ ၀င်ရောက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ရုရှားအစိုးရက ပြောသည်။
ဂျပန်မိုးလေဝသအေဂျင်စီက ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းအများစုအတွက် ဆူနာမီအကြံပေးချက်ထုတ်ပြန်ခဲ့ပြီး အမြင့် ၃ မီတာ (၉ ဒသမ ၈ ပေ) အထိ လှိုင်းကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဟာဝိုင်အီ၊ အလက်စကာရှိ Aleutian ကျွန်းများနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတချို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး အမေရိကန်အနောက်ကမ်းရိုးတန်းဒေသအများစုတွင် ဒေသပြည်သူများကို မြင့်မားသော နေရာများသို့ ပြောင်းရွှေ့ရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ရုရှားနိုင်ငံ Severo-Kurilsk ဆိပ်ကမ်းမြို့တွင် ကနဦး ဆူနာမီရေလှိုင်းများ ဝင်ရောက်လာခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




