27.1 C
Yangon

ချောင်းဦး၊ ကျီးကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန် ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်အထိုင် စခန်းက ကျီးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာလမ်းမ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၀ နှစ်ဝန်းကျင် အရွယ် ကိုရင်တစ်ပါးအပါအဝင် ယောင်္ကျားလေး ၃ ဦး ၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ကျီးကုန်းရွာထဲကို ဘာမှတိုက်ပွဲမှ မရှိဘဲနဲ့ ၂ လုံး ပစ်တာ၊ ရွာ ထဲက လမ်းမပေါ် ကျပြီးတော့ လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးသေဆုံးတယ်၊ ၅ ဦး ဒဏ်ရာရတယ်။ ချောင်းဦးမြို့ပေါ်တို့ မြပုလဲ တို့ အဲဒီလို စစ်ကောင်စီ အထိုင်စခန်းတွေကနေ ရွာတွေဘက်ကို အမှတ် တမဲ့လက်နက်ကြီးနဲ့ မကြာ ခဏ ပစ်ခတ်နေတာတွေရှိပါတယ်။ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်နိုင်ရင်တော့ ပိုကောင်း တာပေါ့၊ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ကလည်း အလုပ်အကိုင် ဘာညာရှိနေတာဆိုတော့ ရှောင်ဖို့က ခက်၊ အဓိကတော့ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြ ဖို့တော့ တိုက်တွန်းချင်တယ်။ ပြီးတော့ စစ်ရေးလှုပ်ရှားမှုရှိတဲ့အခါမျိုး မှာဆိုရင် ဘေးလွတ်ရာမှာ ရှောင်ရှားနေထိုင်ကြဖို့ ပြောချင်တယ်၊ အခု လို မျိုး လက်နက်ကြီးနဲ့ အမှတ် မထင်ဖြစ်တာကတော့ တိုက်တွန်းရခက်တယ်။” ဟု ချောင်းဦးမြို့နယ်ပကဖမှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြည်သူလူထုကို ပစ် မှတ်ထားကာ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်း လမ်းများကို လိုက်နာပေးကြပါရန်နှင့် စစ်ကောင်စီစစ်ကြောင်းများနှင့်ဝေးရာနေရာများ၌ နေထိုင် ပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းမေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article