ရန်ကုန်၊ ဇူလိုင် ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော် လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်က သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အနင်း ကျေးရွာ ရဲစခန်းမှထွက်လာသော အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ၏တိုက်ကင်းစစ်ကြောင်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အနင်းရဲစခန်းကနေ ထွက်လာခဲ့တဲ့ တပ်ရင်းပေါ့၊ အင်အား ၄၀ လောက်ရှိတဲ့ တပ်ရင်းကတော့ ကျောင်းရွာဘက်ကို လာတဲ့တပ် ရင်းဖြစ်ပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် မွန်ပြည်နယ် ၊ရေးမြို့နယ် မြောက်ပိုင်း ကွမ်ကျိုက်ကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ကင်း စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရေးမြို့နယ်မြောက်ပိုင်း၊ ကွမ်ကျိုက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင် စီ၏ ကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် အကြိမ် ၃၀ ခန့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ကျမတို့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ကွမ်ကျိုက်တပ်စခန်းနားမှာရှိတဲ့ ကင်းပုန်းစခန်းဟာဆိုရင် အင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်။ ဒါပေမယ့် ကွမ်ကျိုက်တပ်စခန်းအင်အားတော့ကို စုံစမ်းအတည်ပြုနေ ဆဲဖြစ်ပါတယ်၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ပေမယ့် ပြည်သူ ထိခိုက်မှုမရှိပါဘူး။ စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် အတုအယောင်ရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ ပါဝင်ပတ်သက် ခြင်းမပြုဖို့ တိုက်တွန်းလိုပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) ကာကွယ်ရေးဌာန အောက်ရှိတပ်များ ဖြစ်သော မွန်ပြည်တော် လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မဟာမိတ် KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
