24 C
Yangon

ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်လေယာဉ်များဖြင့် ၂ ရက်ဆက် ဗုံးအလုံးရေ ၆၀ ကျော် ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်လေယာဉ်များဖြင့် ၂ ရက်ဆက် ဗုံးသီး အလုံးရေ ၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်မှ စတင်ပြီး ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၃၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း နံနက် ၆ နာရီကျော်ခန့်မှ စတင်ပြီး ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မကြားမိသေးဘူး။ ပေါက်မြို့နယ် အရှေ့ခြမ်းက ရွာတွေက ပြည်သူတွေတော့ တိမ်းရှောင်နေရတာရှိတယ်။ စစ်ခွေးတွေက လေကြောင်းနဲ့ နေ့စဉ် လာရောက်ဗုံးကျဲ တိုက်နေတော့ ပြည်သူတွေက စိုးရိမ်ကြောက်လန့်ပြီး ရှောင်နေရတာ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်နေတာ ၂ ရက်ရှိသွားပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article