ဒီကနေ့ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီနှုတ်ဆက်ပွဲဆိုတာကို ကျင်းပပြုလုပ်ပြီး ဒုတိယစာမျက်နှာ စတင်လိုက်ပြီလို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။
- မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်က အားမပေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အဆိုပြုခံထားရတဲ့ Sean O’Neill က တရားဝင် ပြောဆိုလိုက်ပါတယ်။
- မွန်ပြည်နယ် ဘီးလင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မဲပလီ ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီ ရဲ့ သရက်ချောင်း အခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးဆိုသူဟာ ဒဏ်ရာရ စစ်သားတွေ မခေါ်ပဲ ကိုယ်လွတ်ရုံးထွက်ပြေးသွားတယ်လို့ တော်လှန်ရေးတပ်တွေဆီမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေက ဝန်ခံပြောဆိုထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
