ရန်ကုန်၊ ဇူလိုင် ၃၁
စစ်ဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတ(တာဝန်) မင်းအောင်လှိုင်ထံသို့ ပြန်လည်အပ်နှံလိုက်ပြီး စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ်ဘ၀ဖြင့် နိုင်ငံတော်အာဏာကို ရယူထားမှုအား အဆုံးသတ်လိုက်ပြီး ယာယီသမ္မတ(တာဝန်) ဘ၀ဖြင့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူလိုက်ကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကာ ယင်းတွင် ၎င်းက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ယာယီသမ္မတ (တာဝန်)ကိုလည်းကောင်း ရယူထားသည်။
မင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်) ရာထူးအပြင် စစ်တပ် ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ရယူထားဆဲဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

