28.4 C
Yangon

ရွှေကူမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် လိုက်လံ တိုက်ခိုက်မှု သင်္ဘော ၃ စီး မီးလောင်ပျက်စီးပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် လိုက်လံ တိုက်ခိုက်ရာ သင်္ဘော ၃ စီး မီးလောင်ပျက်စီးပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေကူမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA၊ KPDF ပူးပေါင်းတပ်များက မြစ်ကြောင်း တလျောက်တွင် လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု အတွင်း စစ်သင်္ဘော ၁ စီး မီးလောင် ပျက်စီးခဲ့ပြီး ရွှေကူမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

မြေပြင်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်သင်္ဘောများကို လုံခြုံရေးပေးရန် မြစ်ကြောင်းတလျောက် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရှိရသည်။

“ဒီနေ့ မနက်မှာ စစ်ခွေး သင်္ဘော ၁ စီး မီးလောင်နေပြီ အခုက သင်္ဘောတွေ ပြန်ခေါက်ပြီး ရွှေကူဘက်ကို ပြန်ခေါက်ပြီ ကုန်းလမ်းဘက်က တက်လာတဲ့ စစ်ခွေးတွေနဲ့လည်း ကျနော်တို့ KIA ၊ KPDF နဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်နေတယ်။ ဖိုက်တာ ၂ စီးနဲ့ ဗုံးလာကျဲတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရွှေကူမြို့ကို ဝင်ရောက်လာချိန်မှ စတင်ပြီး KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိချိန်ထိ သင်္ဘော ၃ စီး မီးလောင် ပျက်စီးကာ ဗန်းဗော်ဘက်ကို သွားရောက်နိုင်ခြင်းမရှိဘဲ ရွှေကူမြို့ဘက်ကိုသာ ပြန်လည် ဆုတ်ခွာနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုက ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်ကပင် ပြည်သူများ ကြိုတင်ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားပြီး ဆက်တိုက် တိုက်ခိုက်နေခြင်းဖြစ်ကာ ယင်း သင်္ဘောအုပ်စုသည် မန္တလေးမြို့မှ ဗန်းဗော်ဘက်ကို စစ်ကူပေးရန် လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဧရာ၀တီ မြစ်အတွင်းသွားလာသော စစ်ရေယာဉ် ၁ စီးကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧရာ၀တီ မြစ်အတွင်းသွားလာသော စစ်ရေယာဉ် ၁ စီးကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article