ဒီကနေ့ ဇူလိုင် ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးရာထူးတွေကို တစ်ယောက်တည်း စုပြုံယူထားတ့ အကြမ်းဖက် မင်းအောင်လှိုင် က သူယူထားတဲ့ စစ်ဦးစီးချုပ် မင်းအောင်လှိုင်အဖြစ်ကနေ နိုင်ငံတော်အာဏာကို ယာယီသမ္မတ မင်းအောင်လှိုင်ဆီကိုပဲ ပြန်လည်အပ်နှံလိုက်ပြီး စစ်ကောင်စီကို ဖျက်သိမ်းလိုက်သလို ၊ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး အစိုးရ ဝန်ကြီးချုပ်အဖြစ် ညိုစော ဆိုသူကို ခန့်အပ်လိုက်ပြန်ပါတယ်။
- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ရင်းတိုက်ကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို KNLA – PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၆ ဦးရဲ့ အလာင်းတွေအပြင် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ်၊ သထုံမြို့နယ်မှာရှိတဲ့ ပုတိန်ရိုးကျေးရွာက လူငယ်နဲ့ လူကြီးတွေ အပါအဝင် အမျိုးသား အယောက် ၄၀ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားပြန်သလို ၊ ပြန်ရွေးချင်ရင် ၁ ဦးကို ငွေကျပ် သိန်း ၃၀ ပေးရမယ်ဆိုပြီးတော့ပါ တောင်းနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
