ရန်ကုန်၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်နှင့် အဘွားအို တို့ သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်ကောင် စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ သာစည်ကျေးရွာအတွရှိ နေအိမ် ၁ လုံးပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်နှင်အဘွားအို မြေးအဘွား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“သာစည်ကျေးရွာပေါ်ကို ဗုံး ၂ လုံးချတယ်။ ရွာဘုန်းကြီးကျောင်းရဲ့တောင်ဘက်ကို ကျတာ။ လူတွေအိပ်ကောင်းနေတဲ့အချိန်ကြီးဆိုတော့ ရှောင်ချိန်မရဘူး။ အသက် ၃ နှစ်အရွယ်ကလေးနဲ့ အဘွားတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ အခြားရွာသား ၆ ဦးလည်း ဒဏ်ရာတွေရတယ်။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးပေါ့။ နောက်ပြီး လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ကျေးရွာအတွင်းမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီး သာစည်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





