28 C
Yangon

စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့သည့် CRPH နှင့် ကချင် KPICT အကြား ဆွေးနွေးပွဲမှ ကောင်းမွန်သော ရလဒ်များ ရရှိဟု CRPH အတွင်းရေးမှူး ဦးထွန်းမြင့် ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁

မြန်မာနိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း ဆွေးနွေးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH နှင့် ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ -KPICT တို့အကြား ဆွေးနွေးပွဲမှာ ကောင်းမွန်သော ရလဒ်များ ရရှိကြောင်း CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၈ နာရီက ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ကြား ကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံခဲ့ရာ CRPH ဘက်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အပါ အဝင် အဖွဲ့ဝင်များ၊ KPICT ဥက္ကဋ္ဌနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“မတွေ့ဆုံဖြစ်တာလည်းကြာပြီဖြစ်လို့ တွေ့ဆုံတဲ့ သဘောပဲ၊ ခိုင်မာတဲ့မိတ်ဖက် ဆက်ဆံရေး တည် ဆောက်ထားတဲ့အတွက် ရှေ့လုပ်ငန်းစဉ်တွေမှာ ပူး‌ပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖြစ်ကြတာပါ။ အ ခြေ အနေတွေက ကောင်းပါတယ်။ လက်ရှိနိုင်ငံရေး အခြေ အနေသုံးသပ်ချက်တွေ ဆွေးနွေးကြတာ ပေါ့၊ အပြန်အလှန် အမြင်ချင်းဖလှယ်တာတွေတော့ အားလုံးကောင်းပါတယ်။ အသေး စိတ်တော့ ထုတ်ပြောလို့မရဘူးပေါ့နော် ” ဟု CRPH အတွင်းရေး မှူးအဖွဲ့ဝင် ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ဆွေးနွေးပွဲ တက်ရောက်လာသူများက တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဥ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဥ်များနှင့် အနာဂတ် တွင်လည်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ဆွေးနွေးကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article