28 C
Yangon

စေတုတ္တရာနှင့် နွားထိုးကြီး တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမည်ဟု သတိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁

မန္တလေးတိုင်း၊ စေတုတ္တရာ မြို့နယ် နှင့် နွားထိုးကြီး မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပါဝင်သူများကို ထိရောက်စွာ စစ်ရေးအရ အရေးယူသွားမည်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စေတုတ္တရာမြို့နှင့် နွားထိုးကြီးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့နှင့် ဩဂုတ်လ ၁ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ် ပကဖ အဖွဲ့များက ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထု၏ ဆန္ဒကို လေစားခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော ပြည်သူ လူထုကို အကြမ်းဖက် ပစ်ခတ် ဖမ်းဆီး သတ်ဖြတ် ထောင်ချမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ မတရားမှုများကို မခံရပ်နိုင်သည့်အဆုံးတွင် လူထုက လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်တော်လှန်ခဲ့ကြပြီး တော်လှန်ရေးကာလ ၄ နှစ်ကျော်ကြာအချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေးတို့တွင် ကျရှုံးနေကြောင်း၊ စစ်တပ်က ထွက်ပေါက်ပိတ်နေသော အခြေနေသို့ ရောက်ခဲ့ကာ ၄င်းတို့၏ အာဏာတည်မြဲရေးအတွက် ကမ္ဘာ နှင့် နိုင်ငံတကာကို ဒီမိုကရေစီအသွင်ဟန်ပြ၍ အတုအ​ယောင်ရွေးကောက်ပွဲလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း စေတုတ္တရာမြို့နယ်ပကဖ က သတင်းထုတ်ပြန်သည်။

ထို့ကြောင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးတွင် ပါဝင်ခြင်း ၊ကူညီခြင်း ၊စည်းရုံးလှုံ့ဆော်ခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြင်းပြင်းအပြစ်ပေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အရေးမှု အပိုင်းကျတော့ သူတို့ရဲ့ ပါဝင် ပတ်သက်မှု အပိုင်းမှာ ကြည့်ပြီး စစ်ရေးအရကော ဖမ်းဆီးအရေးယူမှုပါ လုပ်ဆောင်မှာပါ။ ပြည်သူတွေကိုအသိပေးချင်တာက ဒီရွေးကောက်ပွဲဟာ ဟန်ပြအတုအ​ယောင်သာဖြစ်တယ် ဆိုတာပါပဲ” ဟု စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အများပြည်သူအား စည်းရုံးလှုံ့ဆော်ခြင်းကိုတားမြစ်လိုက်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူ မည်သူတစ်ဦး တစ်ယောက်ကို မဆို ထိရောက်စွာ အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း ပကဖ ၊ ပအဖ နှင့် ပလဖ အဖွဲ့တို့က ထုတ်ပြန်ကြေညာထားသည်။

“အရေးယူမှု အပိုင်းကျတော့ သူတို့ လုပ်ထားတဲ့ ပြစ်ဒဏ်ပေါ် မူတည်မယ်ပေါ့။ သူတို့ ဘယ်လောက်ထိ ဆိုးဆိုးရွားရွားလုပ်လည်းပေါ့။ ရန်သူနဲ့ ဘယ်လောက်ပူးပေါင်းထားလည်းပေါ့။ အဲအပေါ်မှာ မူတည်ပြီးတော့မှ ပြစ်ဒဏ်ကို စီရင်သွားမှာ စစ်ခွေး ရွေးကောက်ပွဲက နွားထိုးကြီးမြို့နယ်ထဲမှာ လုပ်ဆောင်နေတာတွေတော့ မတွေ့ရဘူးပေါ့။ မြင်းခြံဘက်မှာတော့ Non CDM တွေကို ရွေးကောက်ပွဲ သင်တန်းပေးတာတွေရှိတယ်။ ကျနော်တို့ မြို့နယ်ထဲမှာတော့ မရှိဘူး။ ပြည်သူတွေကိုလည်း စစ်ခွေး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မပူးပေါင်းဖို့ ပြောချင်တာပေါ့။ ပြည်သူတွေလည်း ပူးပေါင်းဖို့ ဆန္ဒမရှိဘူးလို့ ထင်တယ်။ ပူးပေါင်းဆိုရင်လည်း စစ်ကောင်စီ ကိုကပ်နေတဲ့ အနေအစား ချောင်ဖို့အတွက် လုပ်နေရတယ်လို့ပဲထင်တယ်။ ပြည်သူတွေကို ကျနော်တို့က ကာကွယ်နေရတာဖြစ်လို့ လုံးဝ မပူးပေါင်းကြဖို့ အသိပေးတဲ့ သဘောပါပဲ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့် တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥ့ပဒေ” ကို ပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေတွင် ရွေးကောက်ပွဲ လုံခြုံရေးကော်မတီများကို ဗဟိုအဆင့်မှ ပြည်နယ်/တိုင်း၊ မြို့နယ်များအထိ ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ရွေးကောက်ပွဲကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်ကာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article