28 C
Yangon

မန္တလေးတွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူး ပြည်သိမ်းကို သိန်း ၃၀၀၀ ကျော် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူး ပြည်သိမ်းကို သိန်း ၃၀၀၀ ကျော် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်၊ ၁၁၀ လမ်း၊ ၅၉ x ၆၀ လမ်းကြားတွင် အငြိမ်းစား ဗိုလ်မှူး ပြည်သိမ်း ( DSA 46) မောင်းနှင်ပြီး သက် ထွဋ်ဦး နှင့် စိုင်းဖြိုးမင်းနိုင် တို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေး ချိန် ၉၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၄၀ )၊ အက်တက်စီဆေးပြား ၃,၉၃၀ ပြား(ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၉၆၅ သိန်း )နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကွင်းဆက်များအရ ဗိုလ်မှူး ပြည်သိမ်း ငှားရမ်းထားသော မြို့သစ် ၃ ရပ် ကွက်၊ ၁၀၇ A လမ်း၊ ၆၁ x ၆၂ လမ်းကြားရှိ နေအိမ်ကို ရှာဖွေခဲ့ရာ ကက်တမင်း အလေးချိန် ၁၅၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀) နှင့် Happy Water အလေးချိန် ၂၂၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆၄ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဗိုလ်မှူး ပြည်သိမ်း ၊သက်ထွဋ်ဦး နှင့် စိုင်းဖြိုးမင်းနိုင် တို့ကို အမှတ် ၁၁ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုများဖြင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ အဝင် စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီး စိုးမင်းထွန်းကို မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ငွေကျပ် သိန်း ၉ သောင်းကျော်၊ စိန်နှင့်ရွှေများ၊ ခြံကွက်နှင့်နေအိမ်များ၊ ဇိမ်ခံကားများ စစ်တပ်က သိမ်းဆည်းရရှိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article