28 C
Yangon

ကမ္မမြို့ပေါ်တွင် စစ်တပ်က ယာယီ အထိုင်ချ တပ်စွဲခဲ့စဉ် ပိတ်ဆို့ခဲ့သော လမ်းများကို တော်လှန်ရေး ရဲဘော်များက ဖယ်ရှား ရှင်းလင်းရေးလုပ်

Must read

ရန်ကုန်၊ သြဂုတ် ၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ယယီအထိုင်ချ တပ်စွဲခဲ့စဉ် ပိတ်ဆို့ခဲ့သော လမ်းပိုင်းများကို တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်မှ စတင်ပြီး ကမ္မမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ယာယီအထိုင်ချစဉ်က ပိတ်ဆို့ခဲ့သော လမ်းပိုင်းများကို ပြည်သူများ သွားလာရေး ခက်ခဲနေသောကြောင့် တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ကမ္မမြို့ပေါ် ယာယီအထိုင်ချစဉ်က လမ်းတွေကို ပိတ်ဆို့ထားတာပါ။ အဲလို ပိတ်ဆို့ထားတဲ့ အတွက်​ ပြည်သူတွေ လမ်းပိုင်း ဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက်ကျွန်တော်တို့ အဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူပေါင်း ရှင်းလင်းခဲ့တာပါ။ မနက် ၇ နာရီကစပြီး ရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်။ စစ်တပ်က ယာယီ အထိုင်ချစဉ်က တော်လှန်ရေး တပ်ဖွဲ့တွေ လာရောက် တိုက်ခိုက်မှာကို ကြောက်လန့်ပြီး သဲအိတ်တွေ ပြည်သူတွေရဲ့ အိမ်တွေက ခုံတွေ ယူပြီးတော့ သစ်ကိုင်းတွေ လမ်းတွေမှာ ပိတ်ဆို့ထားတာပါ။ ယူနီဖောင်းတွေလည်း သိမ်းဆည်းရမိတယ်။ ကမ္မမြို့ပေါ်က ပြည်သူတွေ အနေနဲ့ ည ၉ နာရီကျော်ရင်အပြင်ကို မထွက်ဖို့ အသိပေး ပြောချင်တယ်” ဟု RED GIANT အဖွဲ့မှ ကိုဒေါင်းနီက ပြောဆိုသည်။

သို့သော် ကမ္မမြို့ပေါ် ရဲစခန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျန်ရှိနေသည့် အတွက် ပြည်သူများအနေဖြင့် ရဲစခန်းအနီး သွားခြင်းများ မပြုလုပ်ရန် RED GIANT အဖွဲ့က အသိပေးပြောဆိုထားပြီး အဆိုပါ ရှင်းလင်းရေးလုပ်ဆောင်ရာတွင် RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ် ပျောက်ကျားတပ်ဖွဲ့၊HUNTER PAKOKKU၊ ဆုံကုန်း(ပကဖ)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article