ရန်ကုန်၊ ဩဂုတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တအာင်းပြည်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသော တအာင်းပြည်၊ ကျောက်မဲ၊ မိုး ကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေ ကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကျပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးခဲ့ပြီး ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၁၆ လုံး၊ စာသင် ကျောင်း ၂ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုကို ဦးတည်၍ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ကြောင့် သံဃာ တော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၄၅ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နောင်ချိုမြို့နယ်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံး ကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ကာ အမျိုးသား ၆ ဦး၊ အမျိုး သမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် နေအိမ် ၁၇ လုံးနှင့် ဘုန်းကြီး ကျောင်း ၂ ကျောင်းလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ရည်ရွယ် ချက်ရှိရှိ ပြည်သူကို ဦးတည်၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၆ ဦး နှင့်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦး၊ အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၂ ဦး ထိမှန်ဒဏ် ရာရရှိခဲ့ကာ နေအိမ် ၃၈ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
သီပေါမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၈ လုံး နှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းလုံမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ မှ ရှောင်ရှားနိုင်ရန် စစ် ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင် ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
