26.5 C
Yangon

ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၆

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့ တပ်မကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရှရော်ခကျေးရွာမှ အိုက်သန်း၏ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျကာ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ည ၈ နာရီအချိန် စစ်တပ်၏ ဖားကန့်မြို့ တပ်မကုန်းက လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ယူမာကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဖားကန့်မြို့ပေါ် တပ်မကုန်းကနေ အရပ် လေးမျက်နှာ ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာ။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ ဒီအတိုင်းကို ပစ်နေတာ။ မနေ့က ရှရော်ခရွာမှာ ၁ ဦးနဲ့ ယူမာကျေးရွာမှာ ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦးသေဆုံးပါတယ်။ နေအိမ် ၁ လုံးလည်း မီးလောင်ပါတယ်” ဟု ဖားကန့်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့နှင့် ဩဂုတ်လ ၄ ရက်နေ့တို့တွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက် ဖြစ်ပေါ်လျက်ရှိသည်။

ဩဂုတ်လ ၄ ရက် နံနက်ပိုင်း ဖားကန့်မြို့တပ်မကုန်းက မြောက်ဖြူကျေးရွာအတွင်းသို့ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း ရှလောခကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံ ပစ် ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

ဩဂုတ်လ ၃ ရက် ညနေပိုင်းကလည်း ဖားကန့်တပ်မကုန်းမှ ဆန်းကြွယ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဩဂုတ်လ ၂ ရက် နေ့ ညနေပိုင်းကလည်း ရှလောခကျေးရွာအတွင်းသို့ ဖားကန့်တပ်မကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့သည်။

ဖားကန့်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေသည်မှာ ၃ လကျော် ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာ ၁၀ ရွာမှ အနည်း ဆုံး ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း၊ ပြည်သူ ၆၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်က မတရားသတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article