ဒီကနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ယာယီသမ္မတ မြင့်ဆွေ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် စစ်ဆေးရုံမှာ အထူး ကြပ်မတ်ကုသနေရတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
- TNLA က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေ ထပ်မံလက်မလွှတ်ရရေးအတွက် မဟာမိတ်တွေနဲ့ ပူးတွဲ ဆောင်ရွက်နေတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်က လူငယ် ၃၀၀ ကျော်ကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းပေးရ မယ်ဆိုတဲ့အမိန့်ကြောင့် စစ်တပ်က မြို့ပေါ်လမ်းပိုင်းတွေကို ပိတ်ဆို့ပြီး အမျိုးသမီးတွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါ တယ်။
- စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမြို့ကို စက်တပ်လေထီးအင်ဂျင်တွေ တင်ဆောင် လာတဲ့ စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်မှုရှိတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
