28 C
Yangon

AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများ ကပ်ခြင်း၊ ထမီစများ ချည်နှောင်ခြင်းများ လုပ်ဆောင်ခိုင်းဟု အလင်းဝင်တပ်သား နေသူရမျိုး ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၆

အာရက္ခတပ်တော် AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများကပ်ခြင်း၊ ထမီစများ ချည်ခြင်းများ လုပ်ဆောင်ခိုင်းနေကြောင်း AA ထံတွင် အလင်းဝင်လာသော စစ်မှုထမ်းတပ်သား နေသူရမျိုးက ပြောဆိုသည်။

တပ်သား နေရသူရမျိုးသည် တပ်မ ၉၉ မှ စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဆင်း စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်ပြီး မ ကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ကုန်း လေကြောင်းရန်ကာကွယ်ရေးစခန်းမှ AA ထံတွင် ဇူလိုင်လနှောင်းပိုင်း အလင်းဝင်ခဲ့သူဖြစ်သည်။

“AA က အောက်လမ်းနည်းနဲ့ တိုက်ခိုက်တာ။ ကျနော်တို့ဘက်က ကျသွားတဲ့ ရဲဘော်ကို အသားစိမ်းငါးစိမ်းကျွေးပြီးတော့ ကျနော်တို့ကို ပြန်တိုက်ခိုင်းတာလို့ အထက်အရာရှိက ပြောတယ်။ အဲဒါကြောင့် ကျနော်တို့ကိုင်နေကျ လက်နက်တွေနဲ့ လက် ပစ်ဗုံး ဗုံးသီးတွေမှာ ဘုရားစာတွေ ကပ်လေ့ရှိတယ်။ နောက်ပြီးလို့ရှိရင် ကျနော်တို့ ပစ်တဲ့ လက်နက်တွေမှာ ထမီစချည်ရတယ်။ လက်နက်ကြီးကျည်တွေမှာလည်း ထမီစချည်ပြီးတော့ ပစ်လေ့ရှိတယ်” ဟု အလင်းဝင်တပ်သား နေရသူရမျိုးက ရှင်းပြ သည်။

ထို့ပြင် စစ်တပ်အတွင်း အလင်းဝင်မည့်သူများစွာရှိနေပြီး အလင်းဝင်သူများကို AA က သတ်ဖြတ်မည်ဟု တပ်တွင်း ဝါဒဖြန့်ထားကြောင်း၊ စစ်သားများအနေဖြင့် အလင်းဝင်ပါက AA က စစ်ဆေးမေးမြန်းပြီး သတ်ဖြတ်လိမ့်မည်ဖြစ်ကြောင်း၊ မိမိကို မြှုပ်မည့် တွင်းကို မိမိကိုယ်တိုင် တူးရကာ AA က ဝါးရင်းတုတ်ဖြင့် ရိုက်သတ်သည်ဟု လိမ်လည်ဝါဒဖြန့်ကြောင်း၊ AA က ယုတ်မာရက်စက်သော အဖွဲ့အဖြစ် လိမ်လည် ဝါဒဖြန့်ထားကြောင်း ၎င်းကဆိုသည်။

သို့ရာတွင် လက်တွေ့ အလင်းဝင်သောအခါ AA အပေါ် စစ်တပ်၏ ဝါဒဖြန့်မှုများမှာ မှားယွင်းနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စစ်တပ်အတွင်းကျန်ရှိနေသူများအနေဖြင့် အလင်းဝင်ရန် ဆက်သွယ်သင့်ကြောင်း ၎င်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article