29 C
Yangon

မတ္တရာနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများနှင့် စာသင်ကျောင်းကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ညအချိန် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တစ်ရော်ပင်ကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးသွားကြောင်း Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရှိ တစ်ရော်ပင်ကျေးရွာ အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း တစ်ရော်ပင်ကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ထိခိုက်ဒဏ်ရာရတာ အမျိုးသမီးက အသက်အရွယ်ကတော့ ၃၅နှစ်အရွယ်ပါ။ စာသင်ကျောင်းကို ကျဲသွားတယ်။ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၉ မိနစ်မှ စတင်ပြီး ၂ နာရီ ၆ မိနစ်ထိ မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် တောင်သာမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကို ၁၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“တောင်သာမြို့နယ် အတွင်းက ရွာတွေကို စစ်ခွေးတွေက ညတိုင်းနီးပါးကို စက်တပ်လေထီးတွေနဲ့ ဗုံးလာကျဲနေလို့ ပြည်သူတွေက ညအချိန်ဆို ရွာတွေထဲမှာ မအိပ်ရဲလို့ ရွာပြင် ထွက်အိပ်နေရတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article