31.1 C
Yangon

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ် ဆောင်ရွက်ပေးမည်

Must read

ရန်ကုန်၊ ဩဂုတ် ၅

ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ကြေညာသည်။

မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity-CI) ကို ထိုင်းနိုင်ငံအတွင်းရှိ စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၆ ရက်နေ့မှ စ၍ CI သက်တမ်း ကုန်ဆုံးရန် ၆ လ အောက်ကျန်နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများကို အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ် နှင့် အတူ CI စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် နိုင်ငံသား စိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်းနှင့် Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းတို့ လုပ်ဆောင်ပေးမည်ဟု ကြေညာထားသည်။

အဆိုပါ CI စာအုပ်လုပ်ခြင်းကို တနင်္လာနေ့တိုင်းနှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး (ဗန်ကောက်) က သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် အလုပ်နားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article