31.1 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ရေတပ်ဦးစီးချုပ်ဟောင်း တင်အောင်စန်း ဆိုသူကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီး အရင် ဗိုလ်ချုပ်ကြီး မိုးအောင်နေရာ ကို အစားထိုးလိုက်ပြန်ပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုမှာ ယာယီသမ္မတအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ မြင့်ဆွေတော့ သေသွားပြီလို့ News of Myanmar တယ်လီဂရန် ချန်နယ်အပါအဝင် စစ်တပ်ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေ တစ်ပြိုင်နက်တည်း သတင်းထုတ်ပြန်လာပြီးနောက် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက မသေသေးဘူးလို့ ငြင်းချက်ထုတ်လိုက်ပြန်ပါတယ်။
  • အာရက္ခတပ်တော် AA က အောက်လမ်းတွေနဲ့ တိုက်ခိုက်နေတယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီ တပ်က သူ့တို့ရဲ့ လက်နက်ခဲယမ်းတွေမှာ ဘုရားစာတွေကပ်တာ ၊ ထမိန်စတွေ ချည်တာမျိုးတွေကို လုပ်ဆောင်ခိုင်းထားတယ်လို့ AA တပ်ဖွဲ့တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် နေသူရမျိုးက ပြောထားပါတယ်။
  • ရန်ကုန်-မန္တလေးအမြန်လမ်းက မိုင်တိုင် ၂၈၈ အနီးမှာရှိတဲ့ တလင်းကုန်းတံတား စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရဲ ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article