31.3 C
Yangon

ကလေးမြို့မှ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦးနှင့်စစ်မှုထမ်း တပ်သား ၁၈ ဦးက သေနတ် ၃ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ၁ ဦး နှင့် စစ်မှုထမ်း တပ်သား ၁၈ ဦးတို့က သေနတ် ၃ လက်၊ ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း Ranger Kalay Defend Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလမှ စတင်ကာ ဇူလိုင်လ အထိ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦး အပါ အဝင် စစ်မှုထမ်း တပ်သား ၁၉ ဦးသည် သေနတ် ၃ လက်၊ ခဲယမ်းများ ယူဆောင်လာပြီး Ranger Kalay Defend Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသူ ၁၉ ဦး သည် လက်နက်ငယ် ၃လက် ၊ ကပစကျည် ၈၀၀ ခု ၊ ကျည်ဘောက် ၂၀ ခု၊ လက်ပစ်ဗုံး ၈ လုံးတို့နှင့်အတူ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူများတွင် စစ်မှုထမ်း တပ်သားသစ် ၁၈ ဦးမှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်တပ်ထဲ ပို့ဆောင်ခံရသူများဖြစ်ပြီး ကျန် ၁ ဦးမှာ ဒုတပ်ကြပ် ဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့ သူတွေကတော့ ရက်တွေ မတူညီကြဘူး။ အားလုံးပေါင်း စစ်မှုထမ်း တပ်သားသစ်က ၁၈ နဲ့ ဒုတပ် ကြပ်က ၁ ဦး အားလုံးပေါင်း ၁၉ ဦး အလင်းဝင်လာတာတော့ လက်နက် ၃ လက်ယူဆောင်လာတဲ့ အတွက် ဆုငွေ သိန်း ၅၀ ချီးမြှင့်ထားတယ်” ဟု Ranger Kalay Defend Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများ၏ နေထိုင်စားသောက်ရေး ၊ ကျန်းမာရေး ၊ မိသားစုနှင့် အဆက်အသွယ်ရရှိရေးများ အတွက် တော်လှန်ရေးရဲဘော်များက လုပ်ဆောင်ပေးနေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article