31.3 C
Yangon

ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၇

ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေသွားပြီလို့ စစ်တပ်က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

ဒီနေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန် အမှတ် ၂ စစ်ဆေးရုံမှာ သေဆုံးပြီး အသုဘကိုတော့ နိုင်ငံတော်ဈာပနလုပ်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့ကတော့ မြင့်ဆွေ မသေဘဲ ဒီနေ့မှ တကယ်သေတာလို့ စစ်တပ်က ဆိုပါတယ်။

မြင့်ဆွေက ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာမှာ တုံ့နှေးခြင်း၊ အစာ အာ ဟာရ စားသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲ့ရပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံ စစ် ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင် လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ပါတယ်။

မြင့်ဆွေက လက်ရှိ အသက် ၇၄ နှစ်ရှိနေပြီဖြစ်ပြီး စစ်တပ်မှာ ဒုတိ ယ ဗိုလ် ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်အာဏာရှင် သန်းရွှေရဲ့ လူ ယုံ တစ်ဦးလည်းဖြစ်ပါတယ်။

မြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက် နေ့ မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ လက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တဲ့ ဒုတိယသမ္မတတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် မြင့်ဆွေမှာ မင်းအောင်လှိုင်ရဲ့ ရုပ်သေး ရုပ် ယာယီသမ္မတဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ – မင်းအောင်လှိုင်နဲ့အတူ နောက်ဆုံး တွေ့ခဲ့ရတဲ့ မြင့်ဆွေ။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article