ရန်ကုန်၊ ဩဂုတ် ၈
အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း ဆက်ဆံကြရာတွင် အခြားနိုင်ငံ၏ ပြည် တွင်း ရေးကို စွက်ဖက်ခြင်းမပြုရေး ဟူသည့် အာဆီယံ ပဋိညာဉ်ကို လေးစားလိုက်နာစောင့်ထိန်းကြရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က စာပေးပို့ ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် ၅၈ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့သည့် စာတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြော ဆိုခြင်းဖြစ်သည်။
အာဆီယံပဋ္ဌိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် မိမိတို့သည် ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို ထိန်း သိမ်းကာ ဒေသတွင်း စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းကြရမည်ဖြစ် ကြောင်း၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေး အပါအဝင် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အဓိကျသော ချစ် ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင်က ၅၈ နှစ်မြောက် အာဆီယံနှစ်ပတ်လည်သို့ စာပေးပို့သော် လည်း အကြမ်းဖက် စစ်ခေါင်းဆောင်ကို အာဆီယံက နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘဲ ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ၅ နှစ် ဆက်တိုက် ဆက် လက် ပိတ်ပင်ထားဆဲဖြစ် သည်။
မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဖြင့် မြန်မာ့အရေးကို ဖြေရှင်းအကောင် အထည် ဖော်ရန် ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံက ဆုံးဖြတ်ချက် ချမှတ်ထားသော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိပေ။
ထိုသို့ လိုက်နာခြင်းမရှိသည့်အတွက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံရေးရာထူးရယူထားသူများကို အာဆီယံခေါင်း ဆောင်များ၏ ထိပ်သီးအစည်း အဝေးများနှင့် ဝန်ကြီးအဆင့် အစည်း အဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ အဆင့်နိမ့် ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုခြင်းဖြင့် အာဆီယံက အရေးယူဆောင်ရွက်ထားသည်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ လက်ထက်တွင် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအတွက် မလေးရှားဝန်ကြီးချုပ် အန်နဝါက ကြိုးစားလျက်ရှိပြီး ဧပြီလအတွင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်တို့နှင့်ပါ မလေးရှားဝန်ကြီးချုပ်က တွေ့ဆုံခဲ့သည်။
ယခုလ ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာ့အရေး အစည်း အဝေးတစ်ရပ်ကို မလေးရှားက ဦးဆောင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးသို့ NUG ၊ CRPH ၊ NUCC ၊ တိုင်း ရင်းသား အဖွဲ့အစည်းများ အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
