31.3 C
Yangon

မုံရွာမြို့နယ်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအဖြစ် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များက လှုပ်ရှားမှုပြုလုပ်ကြသည်။

ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ – မန္တ လေး လမ်းမကြီး နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ကြောင်း၊ ရှစ်အက္ခရာပါသည့် ဘောလုံးအကျီများဝတ်ဆင်ထားသည့် လူငယ်များသည် စစ်ကောင်စီ စိုးမိုးဧရိယာနှင့် တော်လှန်ရေးဧရိယာများတွင် ရှစ်လေးလုံး (Global Movement) ထီးသပိတ် လှုပ်ရှားမှုအား ပူးပေါင်း စီစဥ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article