31.3 C
Yangon

ဖားကန့်တွင် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နေ့စဉ်၊ နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

ယမန်နေ့ ည ၉ နာရီခန့်အချိန် ဖားကန့်မြို့ခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မကုန်းက ဆိုင်း တောင်ကျေးရွာအတွင်းနှင့် ဆုတောင်းကုန်းဘက်သို့ လက်နက်ကြီးဖြင့် ၆ ချက်ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ ဖားကန့်မြို့သို့ စစ်တပ်စစ်ကြောင်းများ ရောက်ရှိချိန်မှ စ၍ ၂ လကျော်အတွင်း ပြည်သူ ၆၀ ကျော်သေဆုံးကာ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မနေ့ညက ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ၆ ချက် လောက် ပစ်တာ ဆိုင်းတောင် ဆုတောင်းကုန်းထဲ ကျပြီးတော့ အမျိုးသမီး ၁ ဦးသေဆုံး တယ်၊ ပြီးလို့ရှိ ရင် ပြည်သူ ၅ ယောက်ထိခိုက်တယ်။ စစ်ကောင်စီရဲ့ ဖားကန့်တပ်မကုန်း၊ သူတို့ တပ်စွဲထားတဲ့ နေရာကနေ လက်နက်ကြီးနဲ့‌ တောက်လျှောက်ပစ်တဲ့အတွက် ဖားကန့်မှာ ပြည်သူ တွေနေ့တိုင်းသေနေတယ်၊ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဖားကန့်ရောက်လာတဲ့ ၂ လကျော်အ တွင်း နေ့တိုင်းနီးပါး စစ်ကြောင်းထိုး၊ လက်နက်ကြီးတွေနဲ့ ပစ်သတ်တဲ့အတွက် နေ့တိုင်းနီးပါးပြည်သူ တွေ သေတာ အယောက် ၆၀ ကျော်ပြီ။ ထိခိုက်ဒဏ်ရာရတာ ၁၅၀ ကျော်ပြီ။ ဖားကန့်မှာ စစ်ကောင် စီက ပြည်သူတွေ အပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ။”ဟု KIA စစ်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ဒေါ်ဘွမ်ဆမ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မလရှီးဒွဲလိန်၊ မဂျာဆိုင်းရွယ်အိန်၊ မောင်မုန်လတ်နော်၊ မောင်ဂျုံးလွမ်း၊ မဂျာဆိုင်းထွယ်နူးပန်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဖားကန့်မြို့၊ ဆွတ်ငိုင်ယန် ကျေးရွာနှင့်မော်ဝမ်း ကလေးကျေးရွာ၊ ညောင် ပင်ကုန်းကျေးရွာအနီးတဝိုက်တွင် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီ၊ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် မော်ဝမ်းက လေးကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

“မနေ့က နေ့လယ် ၁ နာရီလောက်မှာလည်း ဖာကန့်၊ ဆွတ်ငိုင်ယန်နဲ့ မှော်ဝမ်းလေးတဝိုက်မှာ စစ် ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ အတွက် စစ် ကောင်စီဘက်က အထိနာတယ်။ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အပြန်အလှန်ချ ကြတာ၊ ထိတွေ့ တိုက် ပွဲဖြစ်တယ်၊ ညနေ ၄ နာရီ ၄ မိနစ်လောက်မှာ စစ်ကောင်စီဘက်က ဂျက် ဖိုက်တာနဲ့ မှော်ဝမ်းကလေးအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်၊ ဒီရက်ပိုင်း ဖားကန့်မှာ အဓိက ညောင်ပင်ကုန်း အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်တာ၊ ညောင်ပင် ကုန်းအောက် က သောင်းချုံ၊ မော်မောင်းလျန်မှာ စစ်ကောင်စီကတပ်စွဲထားတာ၊ အင်အား ရာဂဏန်း နဲ့တပ်စွဲ ထားတယ်၊ အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်တာတွေ တော်တော်များတယ်၊ သူတို့ဘက်ကအထိနာနေတယ်။ အဲလိုအခြေအနေရှိတယ်။”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့၊ မော်မောင်းလျန်၊ ဆွတ်ငိုင်ယန်၊ အမှိုက်ပုံနှင့် ဖားကန့်သင်္ချိုင်းတို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် လှုပ်ရှားနေသောကြောင့် နေ့စဉ်နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေကြောင်း၊ ဖားကန့်မြို့၊ တပ်မကုန်း၊ မှော်စီဇာကုန်းတို့တွင် တပ်စွဲထားသော စစ်ကြောင်းများကလည်း ပြည်သူလူထု နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article