31.3 C
Yangon

အုတ်ဖိုတွင် PDF ရဲဘော်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ကြိုးစားသည့် စစ်တပ်မှ အရာခံ ဗိုလ်လှကျော်နှင့် တပ်ကြပ်ကြီး ညီညီမိုးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ရဲဘော်လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးစားသည့် အရာခံဗိုလ် လှကျော်နှင့် တပ် ကြပ်ကြီး ညီညီမိုးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ မှ အုတ်ဖိုတာဆုံဘက်သို့ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ထွက်ခွာလာသော အရာခံဗိုလ် လှကျော် နှင့် တပ်ကြပ်ကြီး ညီညီမိုး တို့သည် သဖန်းပင်ဆိပ်ရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် PDF ရဲဘော် ၄ ဦးကို ပြည်သူဟုထင်မှတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်နေသည့် အရာခံဗိုလ် လှကျော် နှင့် တပ်ကြပ်ကြီး ညီညီမိုးကို PDF ရဲဘော်များက ဦးခေါင်းကို သေနတ်ကျည် ၁ ချက်စီ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်သား ၂ ဦးထံမှ လက်ပစ်ဗုံး ၁ လုံး၊ ငွေသားကျပ် ၂ သိန်း၊ စစ်မှုထမ်းကတ် ၁ ခု၊ စစ်မှုထမ်း စိစစ်ရေး စာအုပ် ၁ အုပ်၊ မှတ်ပုံတင်ကတ် ၁ ခု၊ လိုင်စင်ဓာတ်ပုံ ၆ ပုံ၊ မိုလ်ဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော်တွေက မြို့ဘက်ကနေ ဆိုင်ကယ် ၂ စီးနဲ့ ပြန်လာတဲ့ အချိန် သဖန်းပင်ဆိပ်ရွာအနီးမှာ စစ်ခွေး ၂ ကောင်နဲ့ ထိပ် တိုက်တွေ့တာ အဲလိုတွေ့တော့ ရဲဘော်တွေကို ဘယ်ရွာကလဲ၊ ဘယ်ကိုသွားမှာလဲ မေးနေပြီး ပေါ်တာဆွဲ ဖမ်းဆီးဖို့ လုပ်နေတုန်း ရဲဘော်တွေက သေနတ်နဲ့ ခေါင်းကို တစ်ချက်စီ ထုတ်ပစ်လိုက်တာ ၂ ကောင်လုံး ပွဲချင်းပြီး သေဆုံးတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်သားများကိုသာမက စစ်တပ် ဒေါက်တိုင်များကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article