25 C
Yangon

အိန္ဒိယက မြန်မာစစ်တပ်အတွက် ဒရုန်း၊ ရဟတ်ယာဉ်များ အပါအဝင် အနိမ့်ပိုင်းပျံသန်းမှုများကို ဖမ်းယူနိုင်သော အပေါ့စား ရေဒါများ လာရောက်ရောင်းချ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

အိန္ဒိယက မြန်မာစစ်တပ်အတွက် ဒရုန်း၊ ရဟတ်ယာဉ်များ အပါအဝင် အနိမ့်ပိုင်းပျံသန်းမှုများကို ဖမ်းယူနိုင်သော အပေါ့စား ရေဒါများ လာရောက်ရောင်းချနေကြောင်း စစ်တပ်ဘက်မှ ပေါက်ကြားလာသော လျှို့ဝှက် ရုံးစာအရ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့နှင့် လုပ်ငန်းများ ပူးပေါင်းဆာင်ရွက်လျက်ရှိသော Messrs Light Head Group Limited Myanmar နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော အိန္ဒိယနိုင်ငံအခြေစိုက် Astra Microwave Products Ltd ကုမ္ပဏီမှ ကိုယ်စားလှယ် ၄ ဦးတို့က ၎င်း၏ မိတ်ဖက်ကုမ္ပဏီက ထုတ်လုပ်သော Drishti – Low Level Light Weight Radar (LLLWR) ရေဒါတပ်ဆင် ထုတ်လုပ်ခြင်းနည်းပညာကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေဒါတပ်ဆင် ထုတ်လုပ်ခင်း နည်းပညာရှင်းလင်းပွဲကို ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ စစ်ကောင်စီ လက်အောက်ခံ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article