ရန်ကုန်၊ ဩဂုတ် ၁၁
KIO/KIA ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် ယောတပ်တော်ခေါင်းဆောင်များတွေ့ဆုံပြီး လက်ရှိတော်လှန်ရေးပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း ယောတပ်တော် – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လအတွင်းက KIO/KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် နှင့် ယောတပ်တော်ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံပြီး လက်ရှိတော်လှန်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးနှင့် လက်ရှိယောဒေသစစ်ရေး၊ နိုင်ငံရေးအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“လက်ရှိတော်လှန်ရေး မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာရယ်၊ အနာဂါတ် ဖက် ဒရယ် ပြည်ထောင်စုအခင်း အကျင်းသစ်ကို ဘယ်လိုပြင်ဆင်တည်ဆောက်သွားကြမယ်ဆိုတဲ့ အခြေ အနေတွေကိုဆွေးနွေး အကြံဉာဏ်ရယူမှုတွေရယ်၊ လက်ရှိတပ်တည်ဆောက်မှုပိုင်းဆိုင်ရာတွေမှာ လိုအပ်တဲ့ အကြံဉာဏ်အကူညီတွေရယူ တာတွေရယ် ၊ လက်ရှိယောဒေသ စစ်ရေး နိုင်ငံ ရေး အခြေ အနေတွေကို တင်ပြဆွေးနွေး အကြံဉာဏ်ရယူတာရယ်ပါ။ အကြမ်းဖျဉ်းကတော့ အဲဒီလောက်ပါပဲဗျ” ဟု ယောတပ်တော် – YA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အလားတူ KIO/KIA ဌာနချုပ်ရှိ လိုင်ဇာမြို့တွင် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်တို့နှင့် ချင်းညီ နောင် -CB အဖွဲ့ ခေါင်းဆောင်တို့တွေ့ဆုံခဲ့ပြီး ယခင်ကထက် ပိုမိုနီးကပ်ဆက် ဆံရေး၊ ပူးပေါင်းဆောင် ရွက်ရေးနှင့် တော်လှန်ရေးမဟာဗျူကျကျ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


