30.4 C
Yangon

မန္တလေး-ရွှေဘို လမ်းပိုင်းကို ၂ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၈ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ မန္တလေး-ရွှေဘို လမ်းပိုင်းကို ၂ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၈ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လပိုင်းမှ စတင်ပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က သံချပ်ကာကားများ အပါအဝင် အင်အား ၄၀၀ ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများ အပါအဝင် မန္တလေး-ရွှေဘို လမ်းပိုင်းရှိ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အဲဒီ စစ်ခွေးစစ်ကြောင်းက အုန်းတော ၆၀၀၅ တင့်ကား တပ်ရင်းကနေ ထွက်လာတာ ဇွန်လတည်းကစပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာ စစ်ခွေးတွေက ကျေးရွာ ၈ ရွာကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်။ လက်ရှိချိန်ထိ စစ်ခွေး စစ်ကြောင်းက ရှိနေသေးတော့ ပြည်သူတွေ ရွာထဲကို ပြန်မဝင်နိုင်သေးဘူး။ ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ၂ လကြာ ခုခံ တိုက်ခိုက်နေခြင်းကြောင့် လက်နက်ခဲယမ်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article