ဒီကနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကိုယ်စားပြု ယာယီ သမ္မတ အမည်ခံ မြင့်ဆွေအလောင်း ဖြတ်သန်းမယ့် ဆင်သေချာင်းတံတားကနေ ဆည်ရေပေး မြောင်းအထိ လမ်းဘေးဝဲယာတစ်လျှောက်မှာ ပြည်သူ ၃၀၀၀ ကျော်က ကြိုဆိုနှုတ်ဆက်ရမယ်ဆိုပြီး စစ်တပ်က ကျေးရွာ အုပ်စုတစ်စုကို လူ ၄၀ ဦး ဆင့်ခေါ်ထားတယ်လို့ ဒေသပြည်သူ တွေက ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်ရဲ့ကိုယ်စားပြုယာယီသမ္မတမြင့်ဆွေနာရေးကို စည်းကားအောင် အတင်းဇွတ်လုပ် စီစဉ်နေပေမယ့် တဖက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ် ကျေးရွာက နာရေးအခမ်းအနားကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်နေပါတယ်။
- မန္တလေးတိုင်း၊ တောင်သာမြို့နယ် နှင့် မလှိုင် မြို့နယ်မှာရှိတဲ့ ကျေးရွာ တွေ ကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးနဲ့ ၂ ရက်တာအတွင်း ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်တာ ကြောင့် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်တာကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
