30.3 C
Yangon

တနင်္သာရီနှင့်ပွင့်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၁ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင် စစ်သားများ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့နောက် မွန်းလွဲပိုင်းတွင် လယ်တောင်ယာရွာတွင် ရောက်ရှိသော စစ် တပ်၏ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာ၍ တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ထိတွေ့တိုက်ပွဲက ညနေ ၄ နာရီမှာ ပြီးဆုံးသွားတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၆ ကောင်သေတယ်။ ၁၅ ကောင်တော့ ပြင်းထန်ဒဏ်ရာရတယ်။ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ရဲဘော် ၁ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးကျဆုံးခဲ့ရတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ်၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း တော်လှန်ရေးစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာသးည်။

ဩဂုတ်လ ၉ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးသို့ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဖလံကျင်း ကျေးရွာ အနီးအရောက် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ဝါတပ်မှ ကားများဖြင့် လာရောက်သယ် ဆောင်သွား ကြောင်း သိရသည်။

“PDF စိုးမိုးနယ်မြေထဲကို ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ။ ဝါတပ်နဲ့လည်း သိပ်မဝေးဘူး။ စခ အလောင်း တွေကိုတော့ ဝါတပ်က ကားတွေနဲ့ သယ်သွားတယ်။ တိုက်ပွဲက ဒီနေ့အထိဖြစ်နေတုန်းပဲ။ ပြည်သူ‌ တွေ ဖမ်းခံရတာလည်းရှိတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စခတွေက ခိုးသွားတာရှိတယ်။ တိုက်ပွဲဖြစ်ပြီး စခတွေ ခိုးသွားတဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ ပစ္စည်းအချို့တော့ ပြန်ရလိုက်တယ်” ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာသည် မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်း စိုးမိုးနယ်မြေအပိုင်းဖြစ်ပြီး ယင်းတပ်ရင်းကို ဆက်သွယ်မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

လွန်ခဲ့သော ဩဂုတ်လ ၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အုတ်ဖို ကျေးရွာ ၊ သနပ်ဝ ကျေးရွာမှ တဆင့် လေးအိမ်စုကျေးရွာအထိ ဝင်ရောက်ခဲ့ကာ ပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံ ဖမ်း ဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံထားရသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အုတ်ဖိုကျေး ရွာသား ၃ ဦးနှင့် ဖလံကျင်းကျေးရွာသား ၄ ဦးကို ယနေ့အချိန်အထိ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရ သည်။

လတ်တလော ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာ စစ်ဆေးရေးဂိတ်ကို ပျူစောထီးများ အင်အား တိုးချထားကာ ညစဉ် ညတိုင်း ဒရုန်းများ ဖြင့် ကင်းထောက်ပျံဝဲလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းတို့အကြား ၁ လလုံးနီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာကာ ပြန်ဆုတ်သွားခဲ့ကြောင်း၊ ယခုအခါတွင်မှ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article