25.9 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မင်းအောင်လှိုင်အမိန့်နဲ့ ကေတုမတီရှေးဟောင်းနန်းတော်၊ မြို့ရိုးနဲ့ ကျူံးကို ပြန်လည်တူးဖော်တည်ဆောက်ဖို့ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနဲ့ ခရစ်ယာန်ဘုရားကျောင်း ၁ ခုအပါအဝင် ရပ်ကွက်တွေကို စစ်တပ်က ဖယ်ရှားခိုင်းနေတယ်လို့ ဒေသပြည်သူ တွေက ပြောပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဖက်ဒရယ်တပ်မတော် ထူထောင်ရေးဆောင်ရွက်နေရာမှာ စစ်ဥပဒေတွေအတိုင်း တင်းတင်းကျပ်ကျပ် အရေးယူစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ NUG လက်အောက်က စစ်ခုံရုံးဥက္ကဋ္ဌတစ်ဦးက ပြောဆိုလိုက်ပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုတို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပြည်သူ့စစ် ၁၀၀ ခန့် သေဆုံးခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းရံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်စခန်းနဲ့ ရွှေညောင်တော်ဘုရားကုန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးနဲ့ ၉ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင့် ပြည်သူတွေ ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article