ဒီကနေ့ ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်တွေက တရားမဝင်ကုန်သွယ်မှုတွေကနေ ဆက်ကြေးကောက်ပြီး အင်အား ပိုမို တည်ဆောက်လာတယ်လို့ပြောပြီး တရားမဝင်ကုန်စည်တွေကို ဖမ်းဖို့ အကြမ်းဖက် မင်းအောင်လှိုင်က ထပ်မံအမိန့်ပေးနေပြန်တဲ့အပြင် ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုပြီး ဒေါ်လာ ရောင်းမပေးဘဲ ကိုယ့်ငွေကိုယ်ရှာ တင်သွင်းခိုင်းနေတယ်လို့ သိရပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က နတ်အိမ်တောင် သဘာ၀ဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းကို တာဝန်ထမ်းဆောင်ဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ Non-CDM လက်ထောက်အင်ဂျင်နီယာ သိန်းထွန်းနဲ့အဖွဲ့ လမ်းခရီးမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတယ်လို့ နေပြည်တော်စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။
- မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ဇင်းရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သး ၁၈ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်သား တွေဟာ စစ်ကူတွေပါအသည်းအသန်ခေါ်ရတဲ့အခြေနေအထိ ဖြစ်သွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
