ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပျက်စီးကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်း ပေါက်မြို့နယ် ကပစ ၂၄ က ပေါက်မြို့နယ် အရှေ့ပိုင်း မုန်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ကျေးရွာနေ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ကပစ ၂၄ က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မုန်ကုန်းရွာမှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦးသေဆုံးတယ်။ စစ်ခွေးတွေက တိုက်ပွဲမရှိဘဲ ပစ်လိုက်တာပါ “ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်း ပေါက်မြို့နယ်နှင့် မြိုင်နယ်အစပ်ရှိ တောရ ဘုန်းကြီးကျောင်းတိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းနှင့်ဘုရားစေတီးများ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ ဘုန်းကြီးကျောင်းဆောင် တချို့ ထိခိုက်တာပဲရှိပါတယ်။ ဘုန်းကြီး ကျောင်းမှာရှိတဲ့ သံဃာတော်များ ထိခိုက် ဒဏ်ရာတာမျိုးမရှိပါဘူး။စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ “ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ ရဲဘော် စောကြီးကပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
