ဒီကနေ့ ဩဂုတ် ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က သူတို့လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် သူတို့စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ နဲ့ လုံခြုံရေးအဖွဲ့တွေကို လက်နက်ထပ်မံ တပ်ဆင်ပေးဖို့ ညွန်ကြားနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို လမ်းပြခေါ် ဆောင်လာတဲ့ လက်နက်ကိုင် ပျူစောထီး ဖြိုးဝေအောင် နဲ့ ကိုဖြိုး ဆိုသူတို့ ၂ ဦး ပစ်ခတ်ခံပြီး ၂ ဦးစလုံး သေကုန်ကြပြီလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ထားဝယ်မြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေနဲ့ပါ စစ်တပ်ဘက်က အထိနာပြီး ပြန်ဆုတ်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
