29.4 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲမှတစ်ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပါအဝင် ပန်းတိုင် ၃ ခုအရောက် လှမ်းနိုင်လိမ့်မည် မျှော်လင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော၊ မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ ဘေးကင်းလုံခြုံစေရေး ထပ်မံဖိအားပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံတွင် အကြမ်းဖက် မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှတစ်ဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အပါအဝင် ပန်းတိုင် ၃ ခုသို့ အရောက်လှမ်းနိုင်လိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မျှော်လင့်ကြောင်း ပြောဆိုပြီး မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများကို ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးရန် ထပ်မံဖိအားပေးပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ Anning တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ သွားတက်သည့်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိနှင့် စစ်တပ်နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့ တွေ့ဆုံစဉ် ဝမ်ရိက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲမှတစ်ဆင့် သက်ဆိုင်သူများအားလုံးအကြား ရန်လိုမှုများ ရပ်စဲပြီး ပြည်သူလူထုလိုချင်သော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြန်လည် စည်းလုံးညီညွတ်ရေး၊ မတ်လ ၂၈ ရက်နေ့ ငလျင်အပြီး ပြန်လည် တည်ဆောက်ရေးနှင့် လူမှုစီးပွားဘ၀များ တိုးတက်ဖွံ့ဖြိုးပြီး လူမှုသဟဇာတ ပြန်လည် တည်ဆောက်ရေး ဟူသော ပန်းတိုင် ၃ ခု ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာစစ်တပ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် တရုတ်စီမံကိန်းများ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းရန်နှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖိအားပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article