ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်း၌ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 10 kg ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအ တွက် အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဩဂုတ် ၁၃ ရက်နေ့ ၂ နာရီလောက်မှ အင်အားတွေထပ်ဖြည့်ထားတာ၊ ညနေ ၄ နာရီလောက်ကျတော့ ဂွေးပင် တောရွာ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် ကွင်းပြင်မှာ လူစုပြီး စကားထိုင်ပြောနေတဲ့အချိန် ဗုံးသီး ချတာ၊ ချတာကတစ်လုံးတည်းပဲ၊ ကျနော်တို့ကလည်း သူတို့ Jammer ကို ကျော်ဖြတ်နိုင်မလား စမ်းရင်းနဲ့ သွားချတာ၊ ကွက်တိချနိုင်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့တာတွေသတင်းရတယ်။ သေ မသေအတိအကျ သတင်းမရတာ။” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ် ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ အောင်သပြေ ညီနောင် တပ်ဖွဲ့နှင့် နွေဦးလူငယ် LPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် လက် ထုတ္ထောရွာ ကို မီးရှို့ခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းရှိရင် ကျေးရွာထဲ ပြည်သူတွေကို ရှောင်ခိုင်းတယ်။ ဒါပေမယ့် တချို့က ပေကပ်ပြီး မရှောင်ကြဘူး။ ကျနော်တို့ဆိုရင် ရန်သူနဲ့အနီးကပ်ဆုံးအထိ ကာပစ်ပေးပြီးရှောင်ခိုင်းတာကို သူတို့ က မရှောင်ကြဘူး။ ရွာထဲဝင်လာတဲ့အချိန်မှာ အဲဒီကျန်နေတဲ့ရွာသားတွေကို စစ်ကြောင်းက ဖမ်း တယ်။ လူသားဒိုင်းကာ လုပ်ထားတယ်။ ကျနော်တို့မှာက ပြည်သူတွေရှိနေလို့ တိုက်ချင်လည်း မတိုက်ရဘူး။ သူတို့ထိမယ်စိုးလို့ မတိုက်ဘဲ ရှောင်ပေးလိုက်ရတဲ့ တိုက်ပွဲတွေများနေလို့ မိဘပြည်သူ တွေအနေနဲ့ စစ်ကြောင်းလာရင် အလိုက်တသိရှောင်နေပေးကြပါ၊ စခတွေနဲ့ဝေးဝေးနေပေးကြပါ လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ် ရင်းမှူး ဆရာလေးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိ ခိုက်သေဆုံးမှုရှိကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ကထုတ်ပြန်သည်။
ဩဂုတ်လ ၈ ရက်နေ့ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာအနီးသို့ ကျောက္ကာလမ်းအတိုင်း ဝင်ရောက် လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံး မှုရှိ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ပူးပေါင်း မဟာမိတ်တပ် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး လေ့ကျင်မှု မြင်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
