27.8 C
Yangon

ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးက သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက် လာ၍ ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့် ခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ -YDF ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိသည်။

ထိုသို့ အလင်းဝင်ရောက်လာသော ဒုကြပ်တပ် ၁ ဦးသည် MA-11 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ ကျည် ၇၁ တောင့် ၊ စကားပြောစက် ၂ လုံး တို့နှင့် အတူ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ယင်း သို့ အလင်းဝင်ရောက်လာသော တပ်သားကို စစ်ဒေသရုံး၏ ဥပဒေများနှင့်အညီ ကာကွယ်ပေးသွားပါမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မြေပြင်စစ်ဒေသရုံး ထောက်လှမ်းရေးဌာနက ရဲဘော်တွေနဲ့ ချိတ်ဆက်မိပြီး အလင်းဝင်ရောက်လာတာပါ။ စစ်မှုထမ်း တပ်သား မဟုတ်ဘူး။ စစ်မှုထမ်း သက်တမ်း ၆ နှစ်ရှိပြီ ဂုဏ်ပြုချီးမြင့်ငွေကတော့ ၃၀ သိန်း သတ်မှတ်ထားပြီး တစ်ခြားလိုအပ်တာတွေကိုလည်း ကူညီပေးသွားဖို့ရှိပါတယ်။ ကျနော်တို့က သာမာန်ပြည်သူတစ်ဦးလို ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDFမှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article