ဒီကနေ့ ဩဂုတ် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲကနေတစ်ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပါအဝင် ပန်းတိုင် ၃ ခု အရောက် လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ် ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောလိုက်ပြန်သလို ၊ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အကျိုး စီးပွားတွေ ဘေးကင်းလုံခြုံစေအောင်လုပ်ဖို့ ထပ်မံဖိအားပေးပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတွေ အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ လှိုင်သာယာ မြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော်တွေက ဖျက်အားပြင်း မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆောင်ရွက်ပေးနေသူတွေကို ချေမှုန်းသုတ်သင်မှုတွေဆောင်ရွက်မှာဖြစ်တယ်လို့ မြို့ပြကြွက်ကွန်ရက်ရဲ့ တော်လှန်ရေးရဲဘော် ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း မုံရွာမြိုက အကြမ်းဖက် စစ်ကောင်စီရဲ့ နမခ ထဲကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က ထိခိုင်သေဆုံးမှုများပြီး စစ်သား ၁ ဦးကိုပါ အရှင်ဖမ်းမိထားတဲ့အပြင် စစ်တပ်ရဲ့ ၁၂ ဘီးကား ၁ စီးကိုလည်း သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
